ဆံပင်လျှပ်စစ်ဓာတ်ဖြေရှင်းရန် ရိုးရှင်းသောနည်းလမ်းများ

ဆံပင်လျှပ်စစ်ဓာတ်ဖြေရှင်းရန် ရိုးရှင်းသောနည်းလမ်းများ

ဆံပင်ရှည်ထားပြီး အဲကွန်းခန်းအေးအေးထဲမှာ အချိန်အများကြီး နေထိုင်လေ့ရှိတဲ့ မိန်းကလေးတွေအနေနဲ့ ဆံပင်မှာ လျှပ်စစ်ဓာတ်ဖြစ်တာကို ကြုံဖူးကြမှာ ဖြစ်ပါတယ်။ တကယ်တော့ ဆံပင်အနားမှာ ဘော်လုံးတစ်လုံးကို ကပ်ထားလိုက်ရင် ဆံပင်တွေ ဖွာထပြီး ဘော်လုံးနဲ့ ကပ်တွဲသွားတဲ့အထိ ဖြစ်တတ်ပါတယ်။

ဆံပင်လျှပ်စစ်ဓာတ်ဟာ လေထုအလွန်ခြောက်သွေ့တဲ့အချိန်တွေမှာ ပိုဖြစ်တတ်ပါတယ်။ အဲဒီအချိန်မှာ ဆံပင်ဟာ စိုစွတ်မှုကို ဆုံးရှုံးပြီး ခြောက်သွေ့ကာ ဖွားလွယ်လာတာ ဖြစ်ပါတယ်။ ဆံပင်လျှပ်စစ်ဓာတ်ပြဿနာကို ဖြေရှင်းနိုင်မယ့် ရိုးရှင်းသောနည်းလမ်းအချို့ကို ကြည့်ကြရအောင်။

1. ခေါင်းလျှော်တဲ့ အကြိမ်အရေအတွက်ကို လျှော့ချပါ။

ဆံပင်မှာ သဘာဝဆီဓာတ် ပိုများလာစေဖို့ ခေါင်းလျှော်တာကို လျှော့ကြည့်ပါ။ အထူးသဖြင့် နေ့စဉ်ခေါင်းလျှော်လေ့ရှိသူဆိုရင် တစ်ပတ်ကို ၃-၄ ကြိမ်အဖြစ် ပြောင်းကြည့်ပါ။

2. စိုစွတ်မှုအပိုရဖို့ ကွန်ဒီရှင်နာ သုံးပါ။

ဆံပင်အလွန်ခြောက်သွေ့နေချိန်မှာ ဆံပင်အကာအရံ (cuticle) ကို ပိတ်ပေးပြီး စိုစွတ်မှု ဆက်လက်ဆုံးရှုံးခြင်းကို ကာကွယ်ဖို့ ခေါင်းလျှော်ပြီးနောက် ကွန်ဒီရှင်နာ သုံးပါ။

3. ပလတ်စတစ်ဘီးအစား သစ်သားဘီး ပြောင်းသုံးကြည့်ပါ။

သစ်သားဘီးဟာ သဘာဝထွက်ကုန်ဖြစ်ပြီး လျှပ်စစ်ဓာတ်ကို ပိုတိုးစေနိုင်တဲ့ ပလတ်စတစ်ဘီးထက် ဆံပင်လျှပ်စစ်ဓာတ်ကို ပိုမိုလျှော့ချပေးနိုင်ပါတယ်။ ဒီရိုးရှင်းတဲ့ နည်းလမ်းလေးတွေနဲ့ပဲ ဆံပင်ခြောက်သွေ့ဖွားပြီး လျှပ်စစ်ဓာတ်ဖြစ်တဲ့ပြဿနာကို လျှော့ချနိုင်ပြီး အေးမြတဲ့ အဲကွန်းခန်းထဲမှာတောင် သင့်ဆံပင်ဟာ အလေးချိန်ရှိရှိနဲ့ ပိုလှပနေမှာ ဖြစ်ပါတယ်။

အွန်လိုင်းမှ မှာယူရန်

ဆက်စပ်ထုတ်ကုန်များ

ဆက်စပ်ဆောင်းပါးများ