မုတ်ဆိတ်မွေး သို့မဟုတ် ချိုင်းမွေး အများအပြားရှိသူတွေဟာ ပုံမှန်ထက် စောစီးစွာ ဆံပင်ကျွတ်ပြီး ခေါင်းပြောင်တတ်တာ သတိထားမိဖူးပါသလား။ ဒီလက္ခဏာတွေဟာ testosterone လို့ခေါ်တဲ့ အမျိုးသား လိင်ဟော်မုန်းကြောင့် ဖြစ်ပေါ်တာဖြစ်ပြီး လိင်စိတ်ဆန္ဒနဲ့ မုတ်ဆိတ်မွေးထွက်ခြင်းကဲ့သို့သော ယောက်ျားလက္ခဏာတွေ ပိုမိုထင်ရှားလာစေရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ထို့ကြောင့် မုတ်ဆိတ်မွေးအများအပြားရှိသူတွေဟာ testosterone လုပ်ဆောင်ချက်ရဲ့ ရလဒ်ဖြစ်လေ့ရှိပါတယ်။
သို့သော် testosterone ဟာ ဦးရေပြားအရေပြားမှာ တွေ့ရတဲ့ အင်ဇိုင်းတစ်မျိုးဖြစ်တဲ့ 5-Alpha reductase နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ခေါင်းပြောင်ခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ DHT (dihydrotestosterone) ဟော်မုန်းအဖြစ် ပြောင်းလဲသွားပါတယ်။
DHT ဟော်မုန်းဟာ ဆံပင်အမြစ်များမှာ ဆံပင်တည်ဆောက်ခြင်းလုပ်ငန်းစဉ်ကို ဟန့်တားပြီး အသစ်ထွက်လာတဲ့ဆံပင်တွေ သေးငယ်ပြီး အားနည်းကာ လွယ်ကူစွာ ကျွတ်စေပါတယ်။ ဆံပင်အမြစ်တွေကလည်း ဆံပင်ထုတ်လုပ်ခြင်းကို ရပ်တန့်လာပါတယ်။ ဆံပင်တွေ တဖြည်းဖြည်း ပါးလာပြီး နောက်ဆုံးမှာ ခေါင်းပြောင်သွားပါတယ်။
ဆံပင်ကျွတ်ခြင်းနဲ့ ခေါင်းပြောင်ခြင်းကို ဖြစ်စေတဲ့ မျိုးရိုးဗီဇအချက်တွေကို ရှောင်လွှဲ၍ မရနိုင်သော်လည်း အကြောင်းရင်းကို သိရှိပြီးနောက် မူလအကြောင်းရင်းကို ဖြေရှင်းခြင်းဖြင့် အခြေအနေကို သက်သာစေနိုင်ပါတယ်။ ဆံပင်အမြစ်များမှာ DHT ဟော်မုန်းလုပ်ဆောင်ချက်ကို ကူညီဟန့်တားပေးတဲ့ ထုတ်ကုန်များကို ရွေးချယ်ခြင်းဖြင့် ဆံပင်အမြစ်တွေ ဆံပင်ထူထဲကြံ့ခိုင်စွာ ပုံမှန်ထုတ်လုပ်နိုင်အောင် ကူညီပေးပြီး ဆံပင်တွေ ထူထဲ၊ ကြံ့ခိုင်ကာ လွယ်ကူစွာ မကျွတ်တော့ပါ။
အရေးကြီးတာက ဦးရေပြားကို ယားယံစေခြင်းမရှိ၊ ဓာတုပစ္စည်းကင်းတဲ့ ထုတ်ကုန်ဖြစ်သင့်ပါတယ်။ ဥပမာ AloEx မှာ သဘာဝဆေးဖက်ဝင်အပင် ၃၀ ကျော်မှ ထုတ်ယူထားတဲ့ အနှစ်များ ပါဝင်ပြီး လိင်စွမ်းအားကို မထိခိုက်စေဘဲ DHT ဟော်မုန်းလုပ်ဆောင်ချက်ကို ကူညီဟန့်တားပေးကာ ဦးရေပြားကို စိုပြေကျန်းမာစေရန် အာဟာရဖြည့်ပေးပါတယ်။
ကျေးဇူးတင်ပါသည် http://bit.ly/1TQSeEL http://bit.ly/1OYbTxx, http://bit.ly/1QNUKHz http://bit.ly/1M1IE0S http://wb.md/1T0Mtnl http://bit.ly/22xYAMB http://bit.ly/1U0AVCV